သဘာဝအတိုင်းမျက်တောင်မွှေးထူထူလေးနဲ့ရှည်ရှည်ကော့ကော့လေးဖြစ်စေဖို့

မျက်တောင်မွှေးနည်းတဲ့သူတွေအနေနဲ့ မျက်လုံးကဆွဲဆောင်မှုမရှိသလို ခံစားရတယ်ဆိုရင် မျက်တောင်မွှေးထူထဲသွားအောင် ပြုလုပ်ဖို့လိုနေပါပြီ။ ခေတ်မှီနည်းပညာများနဲ့ မျက်တော်မွှေးစိုက်တာတွေ ပြုလုပ်ကြတာလည်း ရှိပါတယ်။ ဒါ့ပေမယ့် ငွေကုန်ကြေးကျသက်သာပြီး အသားအနာခံစရာမလိုဘဲ သဘာဝနည်းလမ်းလေးနဲ့ပဲ မျက်တောင်မွှေးများကို သဘာဝအတိုင်း ထူထဲနေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးအတိုင်း ပြုလုပ်ကြည့်ပါနော်။

(၁) မျက်တောင်မွှေးရှည်စေတဲ့ လက်ဖက်ရည်ကြမ်းအစွမ်း

လက်ဖက်ရည်ကြမ်းက Antioxidants နဲ့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်တောင်မွှေးများ သဘာဝအတိုင်း ရှည်လျားစေတဲ့ ဆေးဖက်ဝင်ပစ္စည်းလေးပါပဲ။ ရေနွေးကြမ်းကို အအေးခံပြီး ဝါဂွမ်းစ ဒါမှမဟုတ် ချည်သားစလေးနဲ့ တို့ယူပြီး မျက်တောင်မွှေးများပေါ်ကို သုတ်လိမ်းပေးပါ။ မျက်တောင်မွှေးကျွတ်ခြင်းများကို သက်သာစေတဲ့အပြင် မျက်တောင်မွှေးများ သန်စွမ်းဖို့လည်း အားဖြည့်ပေးပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ရုံနဲ့ ရက်သတ္တပတ်အတွင်း ထူးခြားမှုကို ရယူလိုက်ပါ။

(၂) သံလွင်ဆီနဲ့အားဖြည့်ပေးပါ

မျက်တောင်မွှေးများ ရှည်လျားလှပဖို့အတွက် လိုအပ်တဲ့ဗီတာမင်ဓာတ်များ ဖြည့်တင်းပေးဖို့ လိုပါတယ်။ သံလွင်ဆီ၊ ကြက်ဆူဆီနဲ့ အုန်းဆီလေးကို မျက်တောင်မွှေးမှာ လိမ်းပေးပါ။ ညအိပ်ရာဝင်ခါနီးတိုင်း အဆီလေးနဲ့သုတ်လိမ်းပေးမယ်ဆိုရင် မျက်တောင်လေးတွေ သဘာဝအတိုင်း ရှည်လျားလှပစေမှာပါနော်။

(၃) မျက်တောင်မွှေးများကို ဖြီးပေးပါ

ဆံပင်အရှည်မြန်ဖို့အတွက် ဘီးနဲ့မကြာခဏဖြီးသပ်ပေးရတာကို သိမှာပါနော်။ မျက်တောင်လေးတွေ ကော့ရှင်းနေဖို့အတွက် မျက်တောင်မွှေးဖြီးပေးဖို့ လိုပါတယ်။ သန့်ရှင်းစင်ကြယ်တဲ့ မျက်တောင်ကော့တံလေးကို အသုံးပြုပြီး ညင်သာစွာဖြီးပေးပါ။ မဖြီးခင် ဗီတာမင်အီးနဲ့ သုတ်လိမ်းပြီး ၅မိနစ်ခန့် ဖြီးပေးပါနော်။ ဒီနည်းလမ်းအတိုင်း တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် မျက်တောင်မွှေးရှည်လျားလှပလာမှာပါ။

နန်း(ရွှေအင်းလေး)

Post a Comment

Previous Post Next Post