ဘီယာသောက်ခြင်းက လိင်ဆက်ဆံမူကို ဘယ်လိုအထောက်အကူဖြစ်စေသလဲ


ဘီယာကို တမြမြနဲ့ ပုံမှန်သောက်ကျင့်ရှိတဲ့ အမျိုးသားတွေအနေနဲ့ သိပ္ပံပညာရပ်ကပြောဆိုတဲ့ ဘီယာသောက်ခြင်းဖြင့် လိင်ဆက်ဆံခြင်းကို ပိုမိုကောင်းမွန်စေနိုင်ဆိုတဲ့ အချက်ကို နားဝင်ချိုကြမှာပါ။ ဖိုမသဘာဝဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ Dr Kat Van Kirk အဆိုအရ ဘီယာက အမျိုးသားတွေအတွက် အကျိုးကျေးဇူး (၄) မျိုးရရှိစေကြောင်း Medical Daily မှ သတင်းဖော်ပြထားပါတယ်။

ပထမအနေနဲ့ ဘီယာတဝသောက်ထားခြင်းက အချိန်မတိုင်မီ သုက်ထွက်မှု နှေးကွေးစေနိုင်ပါတယ်။ အယ်လ်ကိုဟောမှာပါဝင်တဲ့ phytosestrogens က ခန္ဓာကိုယ် စွမ်းဆောင်မှုမြင့်စေပြီး ချစ်တင်းနှောမှု ပိုမိုကောင်းမွန်စေကြောင်း Dr Van Kirk ပြောဆိုချက်အရ သိရပါတယ်။

အရောင်ပိုနက်တဲ့ ဘီယာတွေ သောက်ခြင်းက လိင်စိတ်တက်ကြွမှုမြင့်တက်စေပြီး သုက်ထွက်အားကောင်းစေတဲ့ aphrodisiac အဖြစ်လည်း စွမ်းဆောင်နိုင်ပါတယ်။ အရောင်ပိုမည်းနက်တဲ့ ဘီယာမှာ ပါဝင်တဲ့ သံဓာတ်က သွေးနီဥဆဲလ်များကို ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် သယ်ဆောင်ပေးတဲ့ haemoglobin ဖန်တီးဖြစ်ပေါ်စေပါတယ်။ အဲဒီဟာက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ကျန်းမာသန်စွမ်းတဲ့ သုတ်ရည်ကို ထွက်လွတ်စေကြောင်း Dr Van Kirk က ဆိုပါတယ်။

Credit : Trend Myanmar

Post a Comment

Previous Post Next Post