Top News

လူမမြင်ရတဲ့နေရာများ ညိုမဲခြင်းကို ဖြူအောင်လုပ်လို့ရတဲ့ နည်းလမ်းများ

လူတော်တော်များများဟာ ဒီလို လူမမြင်ရတဲ့ ဟိုကြား၊ ဒီကြားနေရာတွေ ညိုမည်းကြပါတယ် ။ ဒါဟာ အမျိုးသားရော အမျိုးသမီးများ အဖြစ်များကြတဲ့ ပြဿနာတစ်ခုပါပဲ ။ လူမမြင်ရတဲ့နေရာဆိုပေမယ့်လို့ ဒီလို ညိုမည်းနေခြင်းကတော့ မကောင်းပါဘူး ။ အတိုဝတ်တဲ့အခါမျိုးမှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းစေပါတယ် ။ ဒါ့ကြောင့် မိမိဘာသာ အိမ်မှာအလွယ်ပြုလုပ်နိုင်တဲ့ နည်းလမ်းကို ရှာဖွေထားပါတယ်။ ဒါ့အပြင် လက်တွေ့လုပ်ဆောင်ချက်တွေအရ ဒီနည်းလမ်းတွေဟာ အကုန်အကျနည်းတဲ့အပြင် ထိရောက်မှုလည်း ရှိတယ်လို့ သိရပါတယ် ။

၁။ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် (Baking Soda0

ယုံချင်ယုံ ၊ မယုံချင်နေပါ ။ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်က အရေပြားကို ဖြူဖွေးစေတဲ့အစွမ်းတွေ အများကြီးရှိပါတယ် ။ ဆဲလ်သေတွေကြောင့် မည်းညစ်နေတဲ့ အရေပြားတဝိုက်ကို ပြန်လည် ဖြူဝင်စေနိုင်တဲ့အစွမ်း ရှိပါတယ် ။ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်အစွမ်းကို baking soda ကနေ ရယူပါမယ်။ baking soda လက်ဖက်ရည်ဇွန်း ၂ဇွန်းကို ရေ၁ဇွန်းရောပြီး ခပ်ပျစ်ပျစ်ရအောင် မွှေပါ ။ ထို့နောက် ညိုမည်းနေတဲ့နေရာကို နှံ့စပ်အောင် သုတ်လိမ်းပါ ။ ၅မိနစ် ၊ ၁၀ မိနစ်ကြာ ခြောက်သွေ့အောင် ထားပြီးလျှင် ရေအေးဖြင့် ဆေးကြောသန့်စင်လိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါသည် ။ (Baking Soda ကို စူပါမားကတ်များနှင့် ကုန်ခြောက်ဆိုင်များတွင် ဆော်ဒါမှုန့်ဟု ပြော၍ ဝယ်ယူနိုင်ပါသည်)

၂။ဒိန်ချဉ်

ဒိန်ချဉ်ကလည်း အရေပြားအတွက် ဆိုဒီယမ် ကာဗွန်နိတ်ကဲ့သို့ အစွမ်းသတ္တိတွေ ရှိပါတယ် ။ နည်လမ်းကလည်း ရှိုးရှင်းလွယ်ကူပါတယ်။  ပလိန်းဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၃ဇွန်းခန့်ကို ယူပြီး မည်းညစ်နေတဲ့ အရေပြားတဝိုက်ကို သုတ်လိမ်းရုံပါပဲ ။ ၁၅ မိနစ် ၊ မိနစ် ၂၀ ခန့်ကြာအောင် ထားပြီးလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၃ကြိမ်မှ ၅ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါသည်။

၃။ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က ပေါပေါလောလောရနိုင်လို့ အစွမ်းကိုတော့ အထင်မသေးပါနှင့် ။ တကယ် အသားအရေကို ဖြူဝင်းစေနိုင်တဲ့ ပါဝါတွေ အများကြီးရှိပါတယ် ။ ရှားစောင်းလက်ပက်အနှစ်ကို ယူပြီး မိနစ်အနည်းငယ်ခန့် အရေပြားပေါ် နှိပ်နယ်လိမ်းပေးပါ ။ ထို့နောက် နာရီဝက်ခန့်ကြာလျှင် ရေနွေးနွေလေးဖြင့် ဆေးကြောပေးနိုင်ပါပြီ ။

ဒီနည်းလမ်း ၃မျိုးကိုကို ၃ပါတ်ခန့် ပုံမှန်လုပ်ဆောင်ပေးမယ်ဆို အရေပြားက သိသိသာသာ ဖြူဝင်းလာတာကို မြင်တွေ့ရမှာပါ ။ ကဲ ..ဒီလောက်လွယ်ပြီး ရိုးရှင်းတဲ့နည်းလမ်းကို ဘာမလုပ်နိုင်စရာ အကြောင်းရှိလဲနော်..

CHAN (ရွှေအင်းလေး)

Post a Comment

Previous Post Next Post