Top News

အမျိုးသမီးတွေအတွက်လိုအပ်သောမိတ်ကပ်Brushကိုအလွယ်တကူဆေးကြောနည်း


အလှအပကို စိတ်ဝင်စားတဲ့ မိန်းမလေးတွေမှာ မိတ်ကပ်ဘရပ်ရှ်လေးတွေကတော့ မရှိမဖြစ်ပါဘဲ ။ ပါးနီ ၊ Eye Shadow နဲ့ Eye Brow တွေအတွက် မိတ်ကပ်ဘရပ်ရှ် မပါမဖြစ်ပါပဲ ။ ဒီလို နေ့စဉ်နဲ့အမျှ အသုံးပြုနေရတဲ့ မိတ်ကပ်ဘရပ်ရှ်တွေမှာ မိတ်ကပ်အဆီ ၊ အညစ်အကြေး နှင့် အခြားသော ဘတ်တီးရီးယားများ များစွာ ရှိနေနိုင်တာ အသေအချာပါပဲ ။ မိတ်ကပ်ဘရပ်ရှ်ဆေးကြောတဲ့ cleanser တွေရှိသော်လည်း ဈေးနှုန်းကြီးနိုင်တာကြောင့် မိမိအိမ်မှာပဲ အလွယ်ဆေးကြောနိုင်တဲ့ နည်းလမ်းကို အသုံးပြုလို့ ရပါတယ်။  ပထမဦးစွာ ခွက်တစ်ခုထဲသို့ ရေနွေးထည့်ပြီး  မိတ်ကပ်ဘရပ်ရှပ်များကို မိနစ်အနည်းငယ်ခန့် စိမ်ထားပါ ။ ပြီးနောက် ခေါင်းလျှော်ရည် အနည်းငယ် ကို ထည့်ပြီး မွှေလိုက်ပါ ။ ခေါင်းလျှော်ရည်ဖြင့် ရောမွှေထားသော ရေထဲသို့ မိတ်ကပ်ဘရပ်ရှ်များကို နှစ်ထားပြီး တစ်ခုချင်းစီ ဆေးကြောပေးပါ။ ပြီးနောက် အားလုံးကို ရေဖြင့် ဆေးကြောပေးပါ ။ အကယ်၍ မပြောင်စင်ဘူးဟုထင်လျှင် အထက်ပါနည်းအတိုင်း နှစ်ကြိမ် ပြုလုပ်ပေးပါ ။ နောက်ဆုံးအဆင့်မှာတော့ ရေနွေးနွေးထဲသို့ ခဏကြာ ထပ်မံစိမ်ပြီး ခြောက်သွေ့သွားအောင် အဝတ်ဖြင့် သုတ်ပါ။ ဘရပ်ရှ်အမွှေးများ မကျွတ်ထွက်အောင် ညှင်သာစွာ သုတ်ပေးဖို့တော့ လိုအပ်ပါတယ် ။  ဒီနည်းလမ်းလေးကတော့ ကိုယ်တိုင် မိတ်ကပ်ဘရပ်ရှ်များကို အိမ်မှာပဲ ဆေးကြောနိုင်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။

CHAN (ရွှေအင်းလေး)

Post a Comment

Previous Post Next Post