ပရိသတ်တွေ ရင်ထဲရောက်အောင် သီချင်းတွေကို ရေးဖွဲ့သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် သရုပ်ဆောင်တစ်ဦးအဖြစ်လည်း လူသိများတဲ့ ရွှေထူးကတော့ လတ်တလောမှာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ရွှေထူးကတော့ ဒီကနေ့မှာ ဝေဖန်ခံနေရတာတွေနဲ့ ပတ်သက်ပြီး သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားတုံ့ပြန်လာပါတယ်။
ရွှေထူးက “မန့်ပိတ်ထားတာ ကျွန်တော်လည်း လူထဲကလူဆိုတော့ ဝိုင်းဆဲကတာ မြင်ရင် စိတ်မကောင်းတော့ဖြစ်ပါတယ်… တစ်နိုင်ငံလုံး အတိုင်းအတာ အချစ်ခံဖူးတယ်… တစ်နိုင်ငံလုံးအတိုင်းအတာ ပြန်မုန်းကြတယ်… ကောင်းစေချင်တဲ့ဂရုနာဒေါသမှန်း ကျွန်တော်သိပ်ါတယ်… ကျွနိတော့်စိတ်ရင်းကို သိတဲ့သူအပေါင်းကို ကျွန်တော်တောင်းပန်ပါတယ်… ” လို့ရေးသားပြီး ပရိသတ်တွေကို တောင်းပန်လိုက်တာဖြစ်ပါတယ်။
ရွှေထူးကတော့ “ကျွန်တော့်ကို ချစ်သူ ခင်သူ မုန်းသူ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေခင်ဗျာ.” လို့လည်း ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားထားပါသေးတယ်။ ပရိသတ်အချို့ကတော့ ရွှေထူးကို အားပေးစကားတွေနဲ့ နှစ်သိမ့်ပေးနေကြပေမယ့် အချို့ကလည်း ရွှေထူးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

Post a Comment