အမှုမှန်မပေါ်ခင်မှာ အဓမ္မပြုကျင့်မှုနှင့်သာ ရဲလာဖမ်းပါက တိုက်ပေါ်က ခုန်ချမိမှာဖြစ်ကြောင်း သရုပ်ဆောင်သီဟတင်စိုးပြော


အိမ်ဖော် အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြင့် လိမ်လည်တရားစွဲခံခဲ့ရသော သရုပ်ဆောင်အကယ်ဒမီ သီဟတင်စိုး က ဖြစ်စဉ် စဖြစ်သည့်အချိန်ကသာ အဆိုပါအမှုနှင့် ရဲက ၎င်းကို လာဖမ်းမည်ဆိုပါက အဖမ်းမခံဘဲ တိုက်ပေါ် ခုန်ချမိမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြော ကြားခဲ့တာပါ။
“ ကျွန်တော်ဝင်မယ့်ဝင်တော့ မုဒိန်းမှုနဲ့ မဝင်တော့ဘူး။ လူသတ်မှုနဲ့ပဲဝင်တော့မယ်။ လူသတ်မှုကမှ ခေါင်းမော့ ရင်မော့ပြီး ဝင်သွားလို့ရပါသေးတယ်။



ကျွန်တော် ဒီလိုကိစ္စသေးသေးဘေးနဲ့တော့မဝင်တော့ပါဘူး။ စွပ်စွဲခံ လိုက်ရတဲ့ အချိန်မှာ သေချင်သွားတယ်။ အဲ့ဒီအမှုနဲ့ သာတကယ်စွပ်စွဲခံလိုက်ရမယ်ဆို ကျွန်တော်တိုက် ပေါ်က ခုန်ချမှာပါ။ ကျွန်တ်ာအဖမ်းမခံပါဘူး” ဟု ၎င်းက ဆိုပါတယ်။

၎င်းအနေဖြင့် ရုပ်ရှင်ထဲတွင်သာ လက်ထိပ်ခတ်တာခံခဲ့ရဖူးပြီး အပြင်တွင် အသက် ၅၀ ကျော်သည့်အချိန်ထိ တစ်ခါမှ မကြုံဖူးခဲ့ရသည့်အပြင် ယခုအမှုနှင့်ပတ်သက်၍ ၎င်းအနေဖြင့် သေချင်လောက်အောင် ကြောက်လန့် တုန်လှုပ်ခဲ့ရကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။

Post a Comment

Previous Post Next Post