
နူးညံ့လှပတဲ့ အချစ်နတ်သမီးလေးဖြစ်စေမယ့် အဖြူရောင်ထိုင်မသိမ်း
ပုံဖော်ဖန်တီးပေးတဲ့ ဒီဇိုင်နာကတော့ လူငယ် ဒီဇိုင်နာ သျှတြဖြစ်ပါတယ်။ ဒီဝတ်စုံလေးကို Marry ရဲ့ Wedding Day In Yangon 2018 အတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်
Marry ရဲ့ သတို့သမီးလောင်းလေးတို့အတွက် သိပ်ကို နူးညံ့လှပလွန်းတဲ့ မြန်မာ ထိုင်မသိမ်း ဝတ်စုံလေး တစ်စုံအကြောင်း ပြောပြပေးချင်ပါတယ်။ မြန်မာ ထိုင်မသိမ်း ဝတ်စုံဆိုရင် ရိုးရိုးကြီးတွေပဲမို့ မဝတ်ဆင်လိုဘူး ဆိုတဲ့ သတို့သမီးလောင်းလေးတို့ အကြိုက်တွေ့မယ့် ဆန်းသစ်လှပတဲ့ ဝတ်စုံလေးပါ။

လှပဖြူစင်တဲ့ သတို့သမီး တစ်ယောက်ရဲ့ အလှအပ
ဝတ်စုံရှေ့ပိုင်းအလှ
ဝတ်စုံလေးရဲ့ ရင်ခံနဲ့ လုံချည်အတွက် အဖြူခံပေါ်မှာ ပန်းရောင် ခရမ်းရောင်နဲ့ အပြာနုရောင်တို့ ရောယှက်ထားတဲ့ ချိတ်ကို သုံးပြီး အပေါ်ကနေ အဖြူရောင် ဖန်ဇာပါးကို သုံးပြီး ဖန်တီးထားပါတယ်။ အပေါ်ထပ် ဖန်ဇာပါးပေါ်မှာမှ အဖြူရောင် Crystal တွေနဲ့ ရုပ်လုံးကြွအောင် အလှဆင်ထားပါတယ်။ ရင်ခံနဲ့ လုံချည်ကိုလည်း မူရင်း ချိတ်ပေါ်မှာ အရောင်တူတဲ့ စီးကွင့်စေ့တွေ သုံးပြီး ရုပ်လုံးကြွအောင် ဖန်တီးထားပါတယ်။ ပုဝါကိုလည်း ငှက်မွှေးလေးတွေနဲ့ အလှဆင်ထားတော့ သတို့သမီးလေးက နူးညံတဲ့ အချစ်ငှက်မလေး ဖြစ်နေတာပေါ့။

ပွင့်ချပ်လေးတွေအလား ဝဲဖြာကျနေတဲ့ ပုဝါရှည်
ဝတ်စုံနောက်ပိုင်းအလှ
ပုဝါရဲ့ အနောက်ပိုင်းကလည်း ပန်းပွင့် ပွင့်ချပ်လေးတွေကို အထပ်လိုက် အထပ်လိုက် ဖန်တီး ပါတယ်။ ပုဝါ တစ်လျောက်လုံးကို ငှက်မွှေးတွေနဲ့ တစ်လျှောက်လုံး အလှဆင်ထားပြီး အောက်ပိုင်း ပွင့်ချပ်အနေနဲ့ ပုံဖော်ထားတဲ့ အဝိုင်းအထပ်တွေမှာလည်း အဖြူရောင် ငှက်မွှေးတွေရယ် စိန်ရောင် တဖျတ်ဖျတ် တောက်နေတဲ့ Crystal တွေရယ်နဲ့ အလှဆင် ပုံဖော်ထားပါတယ်။ ဒီဝတ်စုံလေးကို ပုံဖော်ဖန်တီးပေးတဲ့ ဒီဇိုင်နာကတော့ လူငယ် ဒီဇိုင်နာ သျှတြဖြစ်ပါတယ်။ ဒီဝတ်စုံလေးကို Marry ရဲ့ Wedding Day In Yangon 2018 အတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။
Post a Comment