တစ်ညအိပ်ခရီးသွားချင်သူများ အတွက် နေပြည်တော်အလွန်က နန့်မွန်ကြီး
Blue Lagoonတွေအထပ်ထပ်နဲ့ရေတံခွန်ပြာပြာလေးတစ်ခုမြန်မာပြည်မှာရှိနေတာသင်သိပါသလား???
သွားရတာလဲသိပ်မဝေး ပိုက်ဆံလဲ သိပ်မကုန်ပဲ..ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက Blue Lagoon တွေကို
လျှောက်သွားနေမိခဲ့ရင်တော့သင်အမှားကြီးမှားသွားပါပြီ။
အရှေ့တောင်အာရှက အလှဆုံးလိုပြောကြတဲ့ရေတံခွန်တွေဖြစ်တဲ့
- ထိုင်းက Erawan ရေတံခွန်
- လာအိုက Kuang Si ရေတံခွန်
- ဖိလစ်ပိုင်က Kawasan ရေတံခွန်
အစရှိတာတွေဟာအကုန်လုံးကရေပြာရေတံခွန်တွေဆိုတော့တခြားတွေ့ဖူးနေကြရေတံခွန်တွေလိုမဟုတ်ပဲ ရေတွေမြင်တာနဲ့ပြေးကိုဆင်းလိုက်ချင်တာမျိုးဖြစ်နေတာပေါ့။ဒါကြောင့်လဲ အာရှမှာသူတို့က နာမည်ကျော်ပြီး နိုင်ငံခြားသားတွေတဖွဲဖွဲနဲ့ဖြစ်နေတာပေါ့။အခုလာပြီလေကိုယ်တွေရဲ့ရေပြာရေတံခွန်သူတို့ထက်အသေအချာကို သာတယ်ဆိုတာကိုယ်ရဲရဲကြီးပြောရဲတယ်။
ဘာကြောင့်သာတာလဲ..
နေပြည်တော်လို့ခေါ်တဲ့ သွားလာရလွယ်ကူတဲ့ မြို့ကနေ သုံးနာရီပဲမောင်းရတယ်..
- ပေါင်းလောင်းမြို့သစ်ကိုသွားတဲ့လမ်းက အကွေ့ပေါင်း ၁၅ ကွေ့ကိုဖြတ်ရပြီး သိပ်လှတဲ့ရူခင်းတွေ
- အဲ့ရေတံခွန်ရောက်ဖို့ဖြတ်ပြီးလှေစီးရတဲ့ရေပြင်ကြီးကစိတ်ဝင်စားစရာကြီးရွာပေါင်း၂၀ကျော်ရေအောက်ထဲမြုပ်နေပြီး သစ်ပင်ခြောက်တွေ ထိုးထိုးထောင်ထောင် နဲ့ ပန်ချီကားလိုပဲ.
- ရေတံခွန်က နေပျောက်မထိုးတဲ့တောအုပ်ကြီးထဲမှာ.. နွယ်ပင်တွေအထပ်ထပ်နဲ့..ငှက်သံတွေကြားထဲ
- Blue Lagoon တွေက အထပ်ထပ်နဲ့ ကိုယ်ရောက်ခဲ့တာတောင် Blue Lagoon အထပ်၂၀လောက်ရှိတယ်
- နွေရာသီတောင်ရေတွေ တ၀ုန်းဝုန်းနဲ့.. Private Pool တွေလို အကန့်တွေနဲ့ရေတွေက ပြာလဲ့နေတာ..
ဘယ်လိုသွားရမှာလဲ
ရန်ကုန်ကနေ .. နေပြည်တော်….ပေါင်းလောင်းမြို့သစ် .🚖
ရန်ကုန်ကနေမနက်(5)နာရီထွက်ပြီးနေပြည်တော်ကိုမနက်(11)နာ၇ီရောက်တယ်။နေပြည်တော်မှာထမင်းဝင်စားပြီး ရန်ကုန်၊မန်းလေးလမ်းဟောင်းဘက်ကိုမောင်းပြီးရင်မန်းလေးလမ်းအတိုင်းအထက်ကိုဆန်ပြီးပင်လောင်းဘက်သွားတဲ့လမ်းအတိုင်း ဆက်မောင်းရတာ(3)နာရီလောက်ကြာတော့ပေါင်းလောင်းမြို့သစ်ကိုရောက်ရောရန်ကုန်ကနေနေပြည်တော်နေပြည်တော်ကနေ ရန်ကုန်မန်းလေး လမ်းဟောင်းအထိကတော့ လမ်းကဖြူးပြီး ဖြောင့်နေတော့အေးဆေးပဲရန်ကုန်၊မန်းလေး လမ်းဟောင်းကနေ ပင်လောင်းဘက်ကို တက်တဲ့လမ်းကစပြီးတော့ မှ တောင်တွေမို့အကွေ့အကောက်တွေ များတယ်လမ်းကကျဉ်းပေမယ့်လမ်းတော်တော်ကောင်းပြီးကားအသွားအလာနည်းတော့ တော်သေးတယ.်.. ကိုယ့်ကားနဲ့ကိုယ်လာရင်တော့ဒီလမ်းကိုသတိထားရမယ်15ကွေ့လောက်သွားပြီးမှပေါင်းလောင်းကိုရောက်လို့.. မူးတတ်တဲ့သူဆိုရင်တော့အချိုလေးတွေဆောင်ထားပါဒါပေမယ့်တစ်နာရီကျော်လောက်ပဲအတက်အဆင်းလမ်းဆိုတော့ သိပ်တော့ မကြာလိုက်သလိုပါပဲ.. ရူခင်းတွေလဲလှတော့ ဟိုကြည့်ဒီကြည့်နဲ့ပေါ့..
ပေါင်းလောင်းမြို့သစ် မှ နန့်မွန်ကြီးသို့ 🛶🛶
ကိုယ်တွေဆိုတာဘယ်သွားသွားGPSဖွင့်ထားတဲ့သူတွေဟိုးရှေ့ကပေါင်းလောင်းမြို့သစ်ရောက်တော့မယ်လို့ ကားဆရာပြောတော့လှမ်းကြည့်လိုက်တာရေအိုင်အကြီးကြီးလိုဆည်ကြီးလိုလိုတွေ့တယ်အဲဒါနဲ့ကိုယ့်GPSကိုကိုယ်ပြန်ကြည့်တော့ အဲ့ဒီရေအိုင်ကြီး၇ှိမနေဘူး။လယ်ကွက်လိုလိုေ့မြနိမ့်ချိုင့်ဝှမ်းကြီးပဲပေါ်နေတာ။ကဲအဲ့မှာလှေစီးရပါတော့မယ်။
ကိုယ်တွေဆိုတာဘယ်သွားသွားGPSဖွင့်ထားတဲ့သူတွေဟိုးရှေ့ကပေါင်းလောင်းမြို့သစ်ရောက်တော့မယ်လို့ ကားဆရာပြောတော့လှမ်းကြည့်လိုက်တာရေအိုင်အကြီးကြီးလိုဆည်ကြီးလိုလိုတွေ့တယ်အဲဒါနဲ့ကိုယ့်GPSကိုကိုယ်ပြန်ကြည့်တော့ အဲ့ဒီရေအိုင်ကြီး၇ှိမနေဘူး။လယ်ကွက်လိုလိုေ့မြနိမ့်ချိုင့်ဝှမ်းကြီးပဲပေါ်နေတာ။ကဲအဲ့မှာလှေစီးရပါတော့မယ်။
🙊ရေအောက်မြုပ်နေတဲ့ ရွာကြီးတွေပေါ်ကနေ လှေစီး
လှေပေါ်ရောက်ပြီးလှေစစီးတော့ရေထဲမှာသစ်ပင်အခြောက်တွေအများကြီးတွေ့ရတယ်။လှေကေ၇ှာင်မောင်းရတယ်။ဝါးပင်တွေလဲရေထဲမှာ ထိုးထိုးထောင်ထောင်နဲ့ဘေးဘီကိုကြည့်ရတာတမျိုးပဲဘေးဘက်တွေကတော့တောင်တွေအထပ်ထပ်နဲ့ပေါ့။လှေသမားလေးကိုဒါတွေကဘာတွေလဲမေးမိတော့ ကိုယ်တွေပဲပါးစပ်အဟောင်းသားနဲ့။
လှေပေါ်ရောက်ပြီးလှေစစီးတော့ရေထဲမှာသစ်ပင်အခြောက်တွေအများကြီးတွေ့ရတယ်။လှေကေ၇ှာင်မောင်းရတယ်။ဝါးပင်တွေလဲရေထဲမှာ ထိုးထိုးထောင်ထောင်နဲ့ဘေးဘီကိုကြည့်ရတာတမျိုးပဲဘေးဘက်တွေကတော့တောင်တွေအထပ်ထပ်နဲ့ပေါ့။လှေသမားလေးကိုဒါတွေကဘာတွေလဲမေးမိတော့ ကိုယ်တွေပဲပါးစပ်အဟောင်းသားနဲ့။
တကယ်ကဒီရေပြင်ကြီးကပေါ်လာတာ(5)နှစ်လောက်ပဲရှိသေးတယ်တဲ့။အရင်ကဒီနေရာကရွာပေါင်း(20)ကျော်ရှိခဲ့တာတဲ့ ပေါင်းလောင်းဆည်ကနေရေလွှဲ၇င်းနဲ့မှဒီလိုတွေမြုပ်ကုန်တာတဲ့။ကိုယ်တွေမယ်အံသြရင်း"ဟယ်"ဒါဆိုလူတွေသေကုန်လားရေတွေ တက်လာတော့လို့မေးတော့အဲ့လိုမဟုတ်ဘူးတဲ့။ကြိုတင်ပြီးရွာတွေပြောင်းဖို့အကြောင်းကြားတာတဲ့။ပြောင်းပြီးသွားမှနည်းနည်းစီရေလွတ်တာတဲ့။ကိုယ်တွေညအိပ်ခဲ့တဲ့ စခန်းကအန်တီအမေဆိုရွာပြောင်းရမယ်ဆိုတုန်းကငိုတယ်တဲ့သူတို့မပြောင်းချင်ကြဘူးတဲ့။ရေအောက်ထဲမယ်ဘုန်းကြီးကျောင်းတွေလဲရှိတယ်။ဘုရားအပျက်လဲရေပေါ်မှာ ပေါ်နေတာတွေ့တယ်။သစ်ပင်တွေကတော့အများကြီးရှိနေပုံအရဒီနေရာဟာအရင်ကတော်တော်လေးသစ်ပင်တွေထူထပ်နေမယ်။တော်တော်လေးစိတ်ဝင်စားစရာ ကောင်းတဲ့ရေပြင်ကြီးပဲ..
ဆောင်ရန်၊ရှောင်ရန်
- ရေမကူးတတ်ရင် Life Jacket ၀တ်ပါ ..အဲ့ဒီမှာငှားလို့ရပါတယ်
ဘီယာ၊အရက်တွေယူမသွားပါနဲ့ဟိုမှာဝယ်သောက်လို့ရပါတယ်။ရေတံခွန်ကိုဘီယာအရက်ယူခွင့်မရှိပါ။စခန်းမှာပဲ သောက်လို့ရမှာပါ။ - Babyoilလေးဆောင်သွားပြီးတောထဲမသွားခင်လိမ်းသွားပါ။ဖြုတ်လိုအကောင်လေးတွေကိုက်တတ်ပါတယ်.
ရေထဲစီးတဲ့ဖိနပ်လိုမျိုးတွေဆောင်သွားပါ။အဲ့ဒါမှရေတံခွန်အထပ်ထပ်ကိုခြေထောက်မစူးပဲတက်နိုင်မှာပါ။ - မျက်နှာသုပ်ပ၀ါ။တကိုယ်ရေအသုံးအဆောင်ပစ္စည်းယူသွားပါ။ဟိုတယ်မဟုတ်တဲ့အတွက်အဲ့ဒါတွေမရှိပါ။
ကြီးကျယ်တတ်ရင်တော့ညမအိပ်ပါနဲ့။တဲလိုမျိုးမှာပေးတဲ့ခြင်ထောင်ခေါင်းအုံးနဲ့အိပ်ရမှာမို့ပါ(သန့်ရှင်းပါတယ်)ရေလောင်းအိမ်သာရေချိုးတဲ့နေရာက၀ါးတွေပဲကာပေးထားတာပါ။ဒါကြောင့်ရေ လဲအ၀တ်တွေယူသွားပါ - လှေပေါ်မှာနေအတော်ပူပါတယ်။ထီးတို့ပုဝါတို့ယူသွားပါ။မျက်မှန်လဲဆောင်သွားပါ။ရေလဲယူသွားပါ။မီးအားသွင်းလို့ရပေမယ့် အားအလွန်နည်းလို့ power bank တွေဆောင်သွားပါ..
ဇွန်လလယ်လောက်ကနေစပြီးမိုးရွာပြီမို့သွားလို့အဆင်မပြေတော့ပါမိုးရွာရင်ရေတွေအရမ်းများပြီးရေတွေနောက်ပါတယ်။နောက်နှစ်ဒီဇင်ဘာလောက်မှပြန်လည်သွားနိုင်မယ်လို့ဒေသခံတွေက ပြောပါတယ်..
ကဲဓါတ်ပုံလေးတွေလည်းတင်ပေးထားတယ်နော်
Post a Comment