Single မိန်းကလေးတွေမှာသာရှိတဲ့ ပေါက်ပေါက်ရှာရှာအတွေးများ


၁) ငါတစ်ခုခု လွဲမှားနေတာလား။

၂) ယောကျာ်းလေးတွေအမြင်မှာ ငါက ကြောက်စရာကောင်းနေတာများလား။

၃) သူငယ်ချင်းတွေထဲမှာ ငါ့အတွက် ချစ်သူတစ်ယောက်လောက် ရှာပေးနိုင်တဲ့သူရှိရင်ကောင်းမှာပဲ။

၎) ရည်းစားဟောင်းကို ပြန်ဆက်သွယ်ရင် ကောင်းမလား။

၅) ငါ့အတွက် အောင်သွယ်တော်က ဘယ်သူဖြစ်မလဲ။

၆) ပျင်းစရာပိတ်ရက်တွေမှာ ဘာလုပ်နေရမှာလဲဟာ။

၇) ချစ်သူမရှိတာ စိတ်ရှုပ်သက်သာတယ်။ လွတ်လပ်တယ်။

၈) အနည်းဆုံးတော့ သူငယ်ချင်းတွေထဲမှာ အသည်းကွဲလို့ငိုရမယ့် နောက်တစ်ယောက်က ငါမဟုတ်ဘူး။

၉) Single ဖြစ်တာ ကောင်းတယ်ဆိုတာ ငါတစ်ယောက်ပဲသိတာလား။

၁၀) အငယ်တွေက ငါ့ထက်အရင် မင်္ဂလာဆောင်သွားမှာလား။

၁၁) ပွဲတက်လက်မှတ် နှစ်ယောက်စာက ငါ့ကိုရွဲ့တာလား။

ခမ်းမူး (ရွှေအင်းလေး)

Post a Comment

Previous Post Next Post