ကြီးမှကိတ်မှကြိုက်ကြတယ်ဆိုတဲ့ သူတွေချည်းပါပဲ။ ဒါ့ကြောင့်မို့လို့လည်း ဆီလီကွန်တွေထည့်၊ လေ့ကျင့်ခန်းတွေလုပ်၊ ဆေးတွေဝယ်လိမ်းလိုက်နဲ့ အမျိုးမျိုး ကြိုးပမ်းနေကြတဲ့ သူတွေအများကြီးပါပဲ။ ကိတ်မှလှတယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ အမှန်တော့ ကိုယ့်မှာရှိနေတဲ့အရာ၊ ကိုယ့်ရဲ့အလှအပကို မြင်တတ်ရင်၊ ကျေနပ်နေရင် ရပါပြီ။ ကိတ်တဲ့သူကလည်း ကိတ်တဲ့အလျောက်၊ သေးတဲ့သူကလည်း သေးတဲ့အလျောက်ကို သူ့အလှနဲ့သူတယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့ကြောင့်မို့လို့ ရင်သားသေးတဲ့သူတွေအနေနဲ့ ရင်သားသေးနေလို့ ဆွဲဆောင်မှုမရှိတော့ဘူးဆိုပြီး စိတ်ညစ်နေမယ့်အစား ရင်သားသေးရင် ရရှိလာမယ့် အကျိုးကျေးဇူး၊ အားသာချက်တွေကို ဖတ်ထားကြည့်လိုက်ပါနော်။
(၁) တင်းကြပ်တဲ့ဘရာတွေကိုဝတ်နေစရာမလိုတော့ပါဘူး
ရင်သားသေးတဲ့အတွက်ကြောင့် ကြီးမားပြီး တင်းကြပ်နေတဲ့ဘရာတွေကို ဝတ်ပြီး ရင်သားကိုထိန်းနေစရာမလိုတာကြောင့် ချောင်ချောင်ပွပွလေးနဲ့ လွတ်လပ်မှုရှိစေပါတယ်။ နိုင်ငံခြားမှာတောင် no bra, no problem ဆိုပြီး မော်ဒယ်လ်မင်းသမီးတွေ ပြောကြတာ သိကြမှာပါနော်။ ဒီတော့ ရင်သားသေးတဲ့သူတွေက တင်းကြပ်နေတဲ့ ဘရာတွေကို ဝတ်နေစရာမလိုတော့ပါဘူး။
(၂) ရင်သားတွဲကျရမှာကို ပူနေစရာမလိုပါဘူး
လေ့ကျင့်ခန်းလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ပြေးလွှားသွားလာတဲ့အခါမှာပဲဖြစ်ဖြစ် ရင်သားကြီးနေရင် ထိန်းပြီးသွားလာဖို့ လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရင်သားတွဲကျတာ၊ လှုပ်ရှားမှုများကြောင့် နေရခက်တဲ့အပြင် မြင်ရသူအဖို့လည်း စိတ်မသက်မသာဖြစ်စေပါသေးတယ်။ ရင်သားသေးတဲ့ ကောင်မလေးတွေကျတော့ ဘယ်နေရာကို ဘယ်လိုပဲပြေးလွှားပြီး သွားလာနေပါစေ၊ ရင်သားတွဲကျမှာကိ ထိန်းသိမ်းနေစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေစေပါတယ်။
(၃) မှောက်အိပ်လို့ရပါတယ်
ယောဂလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ပဲ မှောက်အိပ်လိုက်လို့ ရပါတယ်။ ညဘက်ပင်ပန်းလို့ မှောက်အိပ်ရတဲ့ အရသာက ဘာနဲ့မှလဲလို့မရပါဘူး။ ဒီခံစားချက်မျိုးကို ရင်သားသေးတဲ့သူတွေက ပိုသိမှာပါ။ ရင်သားကြီးနေတာထက်စာရင် ရင်သားသေးတဲ့သူတွေက မှောက်အိပ်တဲ့အခါ ပိုပြီးသက်တောင့်သက်သာဖြစ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်မှာပါ။
(၄) ပုရိသတွေရဲ့စနောက်ခြင်းကို မခံရတော့ပါဘူး
ပုရိသတွေရဲ့ မျက်လုံးက သင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနားကို ရောက်မနေတော့တာကြောင့် အန္တရာယ်ကင်းပါတယ်။ လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်။ ကိတ်နေတဲ့သူတွေကို သားရဲမျက်လုံးနဲ့ကြည့်နေတတ်တဲ့ နှာဗူးတွေရဲ့ ဒဏ်ကကင်းဝေးမှာပါ။
(၅) အကျီင်္လည်ပင်းကျယ်တာတွေဝတ်လို့ရပါတယ်
V ရှိတ်အကျီင်္နဲ့ လည်ပင်းဟိုက်တဲ့အင်္ကျီတွေနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်ပါသေးတယ်။ ကိုယ့်ရဲ့ကျော့ရှင်းတဲ့ လည်တိုင်အလှကလည်း ဝင့်ကြွားစွာ ဖော်ထုတ်လို့ရပါတယ်။ လည်ပင်းဟိုက်တဲ့အကျီင်္ဝတ်ရင်ပဲဖြစ်ဖြစ်၊ V Neck အင်္ကျီတွေဝတ်လိုက်တဲ့အခါမှာလည်း အမြင်ရိုင်းမနေတော့ပါဘူး။
နန်း(ရွှေအင်းလေး)

Post a Comment