
ချိုင်းတွေမည်းလို့ ကျောက်ချဉ်တွေလိမ်း ၊ Roll On တွေသုံး ၊ ဆေးမျိုးစုံး လိမ်းကြည့်ပေမယ့်လည်း ဘာမှမထူးခြားဘူးလား ။ ချိုင်းမည်းတဲ့အခါ ဝတ်ချင်တဲ့အဝတ်အစားလေးတွေလည်း မဝတ်ရဲတာမျိုးတွေ ဖြစ်လာပါတယ် ။ ဒီလို ချိုင်းအရေပြားမှာ စွဲကပ်ပြီး မည်းနေတာကို လုံးဝပျောက်ကင်းအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကို sharing လုပ်ပေးချင်ပါတယ် ။ ချိုင်းမည်းတာကို ပြန်လည်ဖြူဝင်းစေဖို့ ၁၀၀ရာခိုင်နှုန်း အာမခံထားတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
ပထမနည်း
ပထမဦးစွာ Baking Soda မှုန့်အချိုကို ရေအနည်းငယ်ရောလိုက်ပါ ။ ထို့နောက် ချိုင်းပေါ်သုတ်လိမ်းပေးပါ ။ ၁၀မိနစ်မှ၁၅မိနစ်ထိကြာအောင် ထားပြီးလျှင် ရေနွေးနွေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ် ၂ကြိမ် မှ၃ကြိမ် အနည်းဆုံးလုပ်ပေးပါ။
ဒုတိယနည်း
ပန်းသီးရှာလကာရည် သီးသန့်ကို လက်ဖြင့် ချိုင်းပေါ်သုတ်လိမ်းလိုက်ပါ ။ ၅မိနစ်ခန့်ကြာတဲ့အခါမှာ ဂွမ်းဖြင့် သုတ်လိုက်ပါ ။ ရေဆေးစရာ မလိုပါ။
တတိယနည်း
အရင်ဆုံး အာလူးကို ရေဆေးပြီးအခွံနွှာပါ ။ ထို့နောက် လှီးချွတ်ပြီး ကြိတ်ချေလိုက်ပါ ။ကြိတ်ပြီးရလာသော အနှစ်ကို ချိုင်းပေါ်သုတ်လိမ်းပါ ။နာရီဝက်ကြာအောင်ထားပြီးလျှင်တော့ ရေဆေးလိုက်လို့ ရပါပြီ ။ လိုအပ်ရင်လိုအပ်သလို ဒီနည်းလမ်းကို အသုံးပြုလို့ရပါတယ် ။
ချိုင်းသားလေးတွေ ဖြူဖွေးစေဖို့ အာမခံနိုင်တဲ့ နည်းလမ်းတွေချည်းမို့ မိမိ အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ် အသုံးပြုနိုင်ပါတယ်ရှင်.. ။
CHAN (ရွှေအင်လေး)
Post a Comment