Top News

ဆိတ်သားဒိန်ချဉ်နှပ်


ဆိတ်သားကို ဒိန်ချဉ်နဲ့ပေါင်းစပ်ပြီး နူးနူးညံ့ညံ့လေးဖြစ်သွားအောင် ချက်ကြရအောင်နော်။

  • ပါဝင်ပစ္စည်းများ


  1. ဆိတ်ပေါင်သား ၃၀ သား
  2. ဒိန်ချဉ် စားပွဲဇွန်း ၃ ဇွန်း
  3. ကြက်သွန်နီ ၁၀ သား
  4. ကြက်သွန်ဖြူ ၁ လုံး
  5. ချင်း အနည်းငယ်
  6. ဇီယာ လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
  7. နနွင်း လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
  8. ငရုတ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  9. Meizan ဆီ ၁၀ သား
  10. ဆား လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
  11. အသားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း


  • ချက်နည်း

၁။ ဆိတ်သားကို သန့်စင်ရေဆေးပြီး အနေတော်အရွယ်တုံးလိုက်ပါ။ ဒိန်ချဉ်၊ ဆားတစ်ဝက်၊ အသားမှုန့်တစ်ဝက်၊နနွင်းတို့နဲ့ နှံ့အောင်နယ်ပြီး ၄၅ မိနစ်ခန့်နှပ်ထားပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ညက်အောင်ပြုလုပ်ထားပါ။ ဇီယာကို မီးအေးအေးနဲ့ မိနစ်ဝက်ခန့်လှော်ပြီးနောက် ညက်အောင်ထောင်းထားပါ။
၃။ ချက်မည့်အိုးထဲကို ဆီထည့်ပါ။ ဆီပူရင် ကြက်သွန်နီ၊ ဖြူ၊ ချင်းနဲ့ ငရုတ်သီးအစိမ်းမှုန့်တို့ကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်များနွမ်းရင် ဆိတ်သားနှပ်၊ ချန်ထားတဲ့ ဆားနဲ့ အသားမှုန့်တို့ကိုထည့်ပြီး ၃မိနစ်ခန့် လုံးချက်ချက်ပါ။
၎။ အနံ့မွှေးပြီး အရောင်ပြောင်းလာရင်တော့ အသားနူးလောက်ရုံ ရေနွေးထည့်ပြီး မီးအနေတော်နဲ့ အဖုံးအုပ်ကာချက်ပါ။ အသားနူးပြီး ဆီပြန်ရင်တော့ အပေါ့အငံအနေတော်ရင် ဇီယာအုပ်လိုက်ပါ။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ဆိတ်သားဒိန်ချဉ် ဟင်းလျာကိုရရှိပါပြီ။

Post a Comment

Previous Post Next Post