Top News

ကောက်ညှင်းကျည်တောက်ပြုလုပ်နည်း

Image may contain: food

Image may contain: 1 person, smiling, fire, outdoor and food

မျှင်ဝါး၊၀ါးပိုးဝါး၊သနပ်ဝါး၊ကြသောင်း
ဝါး၊တင်းဝါးစတဲ့ ၀ါးမျိုးစုံကိုအသုံးပြု၍ မြန်မာ့ရိုးရာသရေစာဖြစ်တဲ့ကောက်ညှင်း
ကျည်တောက်ကိုပြုလုပ်လေ့ရှိပါတယ်။
ကောက်ညှင်းကျည်တောက် ပြုလုပ်နည်း
မနုလွန်း၊မရင့်လွန်းအရွယ်သင့်
ဝါးပင်ကိုခုတ်၍ ကောက်ညှင်းဆန် (အဖြူ/ငချိပ်)မိမိစားသုံးလိုတဲ့ ကောက်ညှင်း
ဆန်ကို ဆန်ဆေးပြီး တင်းဝါးကျည်တောက် ထဲကို သုံးပုံနှစ်ပုံခန့်ထည့်၍ကျန်တစ်ပုံကို ရေထည့်ပြီးတစ်ညရေစိမ်ထားကာ ဆန်ဆေးတောင်းနဲ့ ရေစစ်ထားရပါတယ် တင်းဝါးကိုလည်း တစ်ဖက်ပိတ်ဖြတ်ပြီး အရေစစ်ထားတဲ့ကောက်ညှင်းဆန်ကိုထည့်၍ရေအပြည့် ထည့်ထားပြီးလျှင် ၀ါးရဲ့ထိပ်
ကိုအင်ဖက်(သို့မဟုတ်)ငှက်ပျောဖက်တို့နဲ့ လုံအောင် ပိတ်ဆို့ကာ မြေကြီးကို မီးလင်းဖို
သဖွယ် အရှည်လိုက်တူးထားတဲ့ မီးမွှေးဖိုမှာ မီးမွှေးခြင်း ပြုလုပ်ရပါတယ်။
အဲ့ဒီနောက် ၀ါးတန်းငယ်တစ်ခု ပြုလုပ်ပြီး ကောက်ညှင်းဆန်ထည့်ထားတဲ့ တင်းဝါးတောင့်တွေကို မှီထောင်ထားကြ
ပါတယ် ဆောင်းမီးဖိုက မီးအရှိန်ရလာ
တာနဲ့ဝါးတောင့်တွေကို မီးမြိုက်၍ စတင်ဖုတ်ရပါတယ်။
တင်းဝါးတောင့်များကိုလည်း မီးအရှိန်ရ
ရှိမှု ညီစေရန် တစ်တောင့်ချင်းလှည့်ပေးရ
ပါတယ် အနညးဆုံး(၄၅)မိနစ်မှ အများဆုံး
(၁)နာရီခန့်ကြာတဲ့အခါကျည်တောက်အ
တွင်းမှ ရေတွေခမ်းပြီးအငွေ့ထွက်လာတဲ့ အချိန်မှာ မီးခဲများလှဲ၍ ပြောင်းလဲထားရှိ
ကာ မီးကျွမ်းမှုညီစေရန်မကြာခဏ
လှည့်ပေးရပါတယ်။
နောက်တစ်ဆင့်ကတော့ လက်နဲ့
ကိုင်ကွယ်လို့ရတဲ့အချိန်မှာတစ်တောင့်ခြင်း
အခွံနက်(မီးလောင်ကျွမ်းနေတဲ့နေရာများ)ကိုအဖြူရောင်အခွံပေါ်တဲ့အထိ အခွံခွာရ
ပါတယ် အဲ့ဒီလိုအခွံခွာပြီး ဓားနှောင့်နှင့်
ဝါးတောင့်ရဲ့အပိုင်းကိုစတင်ထုခွဲပြီး
ကျန်အပိုင်းတွေကို ဓားမဗြက်ဖြင့် ရိုက်ပေးခြင်းများ ပြုလုပ်ရပါတယ် ထိုဝါးများကို အရင်းပိုင်းမှစတင်
အခွံခွာယူလိုက်လျှင်ဝါးပင်ရဲ့အကာနဲ့
ဖုံးအုပ်ထားတဲ့ သင်းပျံ့မွှေးကြိုင်တဲ့
ကျည်တောက်ကို ရရှိပါတော့တယ်။
ကောက်ညှင်းတောက်ဟာ မြန်မာရိုးရာအစား အစာအဖြစ် မိသားစုများဟာ ဆောင်းဦးနံနက်ခင်းရဲ့ အေးမြတဲ့အရသာကိုခံစားရင်း
ကောက်ညှင်းကျည်တောက် အပိုင်းငယ်များကို ဆီဆမ်း၊နှမ်းဖြူးပြီး ပန်းကန်ထဲကိုထည့်ကာ စားသုံးကြသလို ခရမ်းချဉ်သီးချက်၊ခရမ်းသီးသုပ်၊ငါးချဉ်၊ငါးရံ့ခြောက်မီးဖုတ်တို့နဲ့ စားသုံးလေ့ရှိကြသည်။
တချို့မိသားစုတွေကတော့ အရသာပိုမိုပြည့်ဝအောင် တင်းဝါးထဲကို ပဲမျိုးစုံ အုန်းသီးဆံ ရောနှောစားသုံး
ကြသလို ဒေသထွက် ဧည်သည်များ
လာရောက်တဲ့အခါ မြန်မာရိုးရာ ဆောင်းနံနက်ခင်း စားစရာအဖြစ် ဧည့်သည်ကျွေးမွေးကြပါတယ်။

Post a Comment

Previous Post Next Post