တစ်ပတ်အတွင်း ဆံပင်(၃) လက်မရှည်စေဖို့

ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုတာ မိန်းကလေးတော်တော်များများရဲ့ အိမ်မက်တွေထဲက အိမ်မက်တစ်ခုပါပဲ။ ဆံပင်ရှည်နှေးလို့ စိတ်ညစ်နေပြီး ဆံပင်ရှည်နဲ့ မိန်းကလေးဖြစ်ချင်တဲ့ ဆန္ဒတွေ အကောင်အထည်မပေါ်သေးရင် ဒီနည်းလမ်းလေးတွေ လုပ်ကြည့်ပေးပါ။ တစ်ပတ်အတွင်း (၃) လက်မ ရှည်လာနိုင်တဲ့ နည်းလမ်းလေးပါ။

ပထမနည်း

ကြက်သွန်နီမှာ ပါဝင်တဲ့ ဆာလဖာ ဟာ ဆံပင်သန်စွမ်းစေဖို့ အထောက်ပံ့ဆုံး အရာဖြစ်ပါတယ်။ ကြက်သွန်နီကို ကြိတ်ချေစက်ထဲမှာ ကြိတ်ချေလိုက်ပါ။ ကြက်သွန်နီအရည် ရလာပြီဆိုရင် အုန်းဆီ စားပွဲတင်ဇွန်း(၂) ဇွန်းနဲ့ ရောလိုက်ပါ။ ခေါင်းမလျှော်ခင် ဦးရေပြားနဲ့ ဆံပင်အားလုံးမှာ လိမ်းထားပေးပါ။ (၁၀) မိနစ်လောက်နေမှ ခေါင်းလျှော်ပေးပါ။ တစ်ပတ်ကို (၂) ကြိမ် ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်အရှည် (၃) လက်မကို အမြန်ဆုံး ပိုင်ဆိုင်ရမှာပါ။

ဒုတိယနည်း

ဒုတိယနည်းလမ်းကတော့ အလွယ်ကူဆုံး ဖြစ်မှာပါ။ ရှားစောင်းလက်ပတ်ရဲ့ အတွင်းသား ဂျယ်လ်လေးတွေကို ယူပြီး ဆံပင်မှာ လိမ်းထားပေးပါ။ ဦးရေပြားထိအောင်ပါ လိမ်းပေးဖို့ လိုပါတယ်။ ဒါမှ ဆံပင်သန်စွမ်းခြင်းတွေ ပိုမို ဖြစ်ပေါ်စေမှာပါ။ လိမ်းထားပြီး (၁၀) မိနစ်လောက် နေမှ ရေနဲ့ လျှော်ပေးပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။ ဒီနည်းလမ်းကတော့ တစ်ပတ်ကို (၃) ကြိမ်လောက် ပြုလုပ်ပေးမှ (၃) လက်မ ရှည်မှာ ဖြစ်ပါတယ်။

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

1 Comments

  1. တစ်ပတ်နဲ့သုံးလက်မကဟုတ်ကောဟုတ်လား')

    ReplyDelete

Post a Comment

Previous Post Next Post