တစ်ချိန်တုန်းက မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားလိုင်းတွေ အများအပြားမပေါ်သေးခင်၊ စမတ်ဖုန်းတွေလည်း အသုံးပြုမှု မရှိသလောက်နည်းပါးချိန်မှာ ညနေစောင်းဆိုရင် မြ၀တီ၊ မြန်မာ့အသံက ပြတဲ့ကိုရီးယားကားတွေကို အပြေးအလွှားသွားကြည့်ကြသေးတာမှတ်မိကြအုံးမယ်ထင်ပါတယ်။ အဲ့ဒီအချိန်တုန်းက မင်းသား၊ မင်းသမီးတွေဟာလည်း ယနေ့အချိန်တိုင်အောင် ပြန်တွေးလိုက်တိုင်းအမှတ်ရစရာတွေဖြစ်နေဆဲပါပဲ။ ကျွန်တော်ထင်တယ်...ပရိတ်သတ်တွေ အများဆုံးအမှတ်ရနေတဲ့ မင်းသမီးက ဂွီဒေါက်၊ ဒါမှမဟုတ် လီဆောင်းဦး လို့ အများခေါ်ကြတဲ့ မင်းသမီးချောလေး Kim Hyun Joo ပဲဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာဆိုရင်တော့ သူမရဲ့အကြောင်းကို အကျဉ်းရုံးတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။
Kim Hyun-joo ဟာဆိုရင် အထက်တန်း တတိယနှစ်ကတည်းက ဆယ်ကျော်သက်မဂ္ဂဇင်းတွေမှာ မော်ဒယ်အနေနဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့သူပါ။ အနုပညာလောကထဲကိုတော့ Kim Hyun-chul's "One's Lifetime" ဆိုတဲ့ MTV ကိုရိုက်ကူးရင်း ပထမဆုံးအနေနဲ့ ၀င်ရောက်လာခဲ့ပါတယ်။
၁၉၉၇ခုနှစ်မှာတော့ မင်းသမီးအနေနဲ့ The Reason I Live ဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးပြီး အနုပညာလောကထဲကို ပထမဆုံးခြေခြခဲ့ပါတယ်။ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ၁၉၉၈ခုနှစ်မှာတော့ If It Snows on Christmas ဇာတ်ကားမှာခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ခွင့်ရခဲ့ပါတယ်။
![]() |
၁၉၉၉ ခုနှစ်မှာ မင်းသားချော ဆောင်းဆန်ဟွန်း၊ မင်းသမီးချော ကင်ဟီဆန်းတို့နဲ့အပြိုင် Calla ဇာတ်လမ်းတွဲကို သရုပ်ဆောင်ခဲ့ပါတယ်။ |
1999 ခုနှစ်မှာပဲ မင်းသားချော ဂျန်ဒေါင်ဂန် နဲ့ အတူ Springtime ဆိုတဲ့ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့သရုပ်ဆောင်ခဲ့ပါတယ်။
မြန်မာပရိတ်သတ်တွေအများသိကြတဲ့ ဂျင်စင်းရှာတဲ့ ဇာတ်လမ်းတွဲ တစ်ဖြစ်လဲ ဂွီဂျင် ဂွီဒေါက် ဇာတ်လမ်းတွဲကတော့ သူမ ပထမဆုံးခေါင်းဆောင် မင်းသမီးအနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တကယ့်အနုပညာလမ်းကြောင်းပေါ်မှာ အမှန်အကန် လူသိများခဲ့တာက ကတော့ ဖန်ခြေနင်းတဲ့ ယမင်းရွှေစင်လို့ ခေါ်တဲ့ Glass Slippers ဇာတ်လမ်းတွဲမှာဖြစ်ပါတယ်။ ကလေးဘ၀တုန်းက ကွဲသွားကြပြီး ပြန်တွေ့တဲ့အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် မသိတော့တဲ့ ညီအစ်မဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။
သူမဟာ မင်းသာဖြစ်သူ Lee Dong Wook နဲ့လည်း တွဲခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။
ပြည်တွင်းမှာသာမက တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဗီယမ်နမ် တလွှားမှာ နာမည်ကြီးခဲ့တဲ့အဆိုပါ ဖန်ခြေနင်းတဲ့ယမင်းရွှေစင်ဇာတ်လမ်းတွဲဟာ မင်းသမီးဖြစ်သူကိုပါ အာရှတလွှားမှာ နာမည်ကြီးစေခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာ ထိုင်ဝမ်မင်းသားဖြစ်သူ Vanness Wu နဲ့ Star Runner ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူမဟာဇာတ်လမ်းတွဲတွေလည်း ဆက်တိုက်ရိုက်ခဲ့ပြီး အစီအစဉ်တွေမှာလည်း ဆက်တိုက်ဆိုသလိုပါဝင်ခဲ့ပါတယ်။ boys over flowers ဇာတ်လမ်းတွဲမှာ မင်းသားဖြစ်သူ ဂူဂျွန်ဖြိုးရဲ့ အစ်မနေရာမှာပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ၂၀၁၀ကတော့ သူမအတွက် အခက်ခဲဆုံးနှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ သူမအချစ်ဆုံး လူသားတွေဟာ တစ်နှစ်ထဲမှာပဲ ဆက်တိုက်သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ သူငယ်ချင်း Park Yong-ha ဟာ ဂျွန်လ ၃၀ရက်နေ့မှာ သေကြောင်းကြံစည်ခဲ့ပါတယ်။ သူမကို The Land မှာ ပါဝင်ဖို့ ရွေးချယ်ခဲ့တဲ့ company အကြီးအကဲဟာ စီးပွားရေးပြဿနာတွေကြောင့် ဂျူလိုင်လ ၁ရက်နေ့မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း ရေတာရှည် ရောဂါနဲ့ ဂျူလိုင်လ ၇ရက်နေ့မှာသေဆုံးခဲ့ပါတယ်။
အဆိုပါအဖြစ်အပျက်တွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Good Neighbors နဲ့အတူ ဘင်္ဂလားဒ်ေရှ့်၊ ဖိလစ်ပိုင် နိုင်ငံတောက်လျှောက်ကို သွားရောက်ကာ လှုဒါန်းမှုတွေ၊ လုပ်အားပေးကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
၂၀၁၁ခုနှစ်မှာသာအနုပညာလောကထဲကိုပြန်လည်ဝင်ရောက်လာခဲ့တဲ့သူမဟာ လက်ရှိအချိန်အထိ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလိုလုပ်ကိုင်နေခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ Miracle That We Met ဇာတ်လမ်းတွဲကို ရိုက်ကူးပြီးစီးခဲ့ပြီးအဆိုပါဇာတ်လမ်းတွဲမှာ EXO အဖွဲ့က Kai ပါ ပါဝင်အားဖြည့်ထားခဲ့ပါတယ်။
ကျွန်မတို့ ချစ်တဲ့ မင်းသမီး လီဆောင်းဦးရဲ့ဘ၀က အတက်အကျများခဲ့သလို ၀မ်းနည်းစရာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ အသက် ၄၁နှစ်ရှိပြီင်္း လက်ရှိအချိန်အထိ အပျိုကြီးဖြစ်နေဆဲဖြစ်တဲ့ မင်းသမီးလေးဟာဆိုရင် ယခုအချိန်အထိ ပရိတ်သတ်ကြီးရဲ့ရင်ထဲမှာ ရှိကြသေးရဲ့လားဆိုတာကတော့....။
Post a Comment