အနုပညာလောကမှာ နာမည်ကျော် ထိပ်တန်းမင်သားကြီးလွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးကို ပရိတ်သတ်တွေချစ်ကြမယ်ထင်ပါတယ်။ယွန်းဝတီလွင်မိုးကလည်းပရိတ်သတ်တွေ တစ်ခဲနက် အားပေးမှုခံထားရတဲ့ သူလေးလည်းဖြစ်ပါတယ်။ချစ်စရာဟန်ပန် အမှုအရာလေးတွေရယ် အပြုံးလေးတွေကလည်း ယောကျာ်းလေးပရိတ်သတ်တွေကိုကြွေစေခဲ့တာဖြစ်ပါတယ်။
ယွန်းလေးကတော့မကြာသေးခင်အချိန်ကမှ သားလေး Liam ရဲ့ပုံလေးတွေကို ပရိသတ်တွေကို ထုတ်ပြခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ဟာ သားလေး Liam လေးရဲ့ တစ်လပြည့်နေ့လေးလို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
တစ်ပြိုင်နက်ထဲမှာပဲ ဖွားဖွားမေသူကလည်း မြေးလေးရဲ့ ပုံလေးတွေကို instagram မှာဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း သားလေးကို အကြင်နာတွေပေးနေတဲ့ ယွန်းလေးရဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ကြည့်တာနဲ့မြင်နိုင်တဲ့ သားအမိနှစ်ယောက် ကြည်နူးစရာပုံရိပ်လေးကို ဖော်ပြထားတာတွေ့ရပါတယ်။
သားလေး Liam လေးကအရမ်းချစ်စရာကောင်းပြီး ဖေဖေကောမေမေရဲ့ အလှကိုယ်စီကိုယူထားတာလည်းဖြစ်ပါတယ်။ ဖိုးဖိုးလွင်မိုးနဲ့လည်း ချွတ်စွပ်တူလေးလည်းဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးတွက် Liam နဲ့ ယွန်းလေးတို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။
Source:Yunwaddy instagram
Post a Comment