ပရိသတ်ကြီးရေ မင်းသမီးချော ရွှေမှုန်ရတီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်လို သရုပ်ဆောင်စွမ်းရည်တွေနဲ့ အနုပညာလောကမှာ အောင်မြင်နေသူ ဖြစ်ပါတယ်၊၊ ရွှေမှုန်တွေစားထားသလား မေးယူရလောင်အောင် ချောမောလှပတဲ့ သူမက ဘယ်လိုနေနေကို ချစ်ဖို့ကောင်းသူလေးဖြစ်ပြီး ပရိသတ်အချစ်တွေကို အပြည့်ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။
အချေမင်းသမီးလေးလို့ အများကတင်စားရတဲ့ ရွှေမှုန်က အချေမျက်နှာပေးစတိုင်လေးတွေနဲ့အတူ သူမရဲ့တည်ကြည်တဲ့စကားပြောဟန်လေးတွေကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်၊၊ လတ်တလောမှာ သူမက ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပြီး မြင့်မြတ်၊ခင်ဝင့်ဝါတို့နဲ့အတူ ရုပ်ရှင်ကားကြီးတစ်ကားကို အတူရိုက်ကူးနေတာလည်း တွေ့ရပါတယ်။ ဈေးကြီးဆိုတဲ့ brand နဲ့ အသုံးအဆောင်တွေကို နှစ်သက်တဲ့ ရွှေမှုန်က အခုလည်း သိန်း ၁၈၀ကျော်တန်ဖိုးရှိတဲ့ ချိတ်ထဘီတွေကို ဝယ်ယူလိုက်ပြန်ပါတယ်။
မြန်မာ့ပိုးထည်စစ်စစ်တွေဖြစ်တဲ့ တန်ဖိုးကြီးချိတ်တွေကို ရွှေမှုန်က အထည် ၂၀ကျော်အထိတောင် စိတ်ကြိုက်ရွေးချယ်ပြီး ဝယ်ယူခဲ့ပါတယ်။ သိန်း ၁၈၀ကျော် တန်ဖိုးရှိတဲ့ ဒီပိုးထည်တွေကိုတော့ သူမနဲ့ သူမရဲ့မိခင်ဝတ်ဆင်ဖို့အတွက် ဝယ်ယူခဲ့တာဖြစ်ပြီး ဒီဇိုင်နာ မျိုးမင်းစိုးကိုလည်း နောက်ထပ်သူစိတ်ကြိုက်အဆင်သစ်ဒီဇိုင်းတွေပါ ဆွဲပေးဖို့လည်း ပြောခဲ့ပါသေးတယ်။ကဲ ချစ်ပရိသတ်တွေအတွက် သိန်းရာကျော်တန်တဲ့ ပိုးထည်စတွေကို တစ်ခါတည်း ဝယ်ယူလိုက်တဲ့ မင်းသမီးရွှေမှုန်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။








Post a Comment