ဘာသာစကား ပြောဆိုတတ်မှုက လူငယ်တွေအတွက် အဓိကစိန်ခေါ်မှုဖြစ် ကြောင်း ဖူးဖူးသစ် ပြော



Nationl Manage- ment Degree College မှာ Final Year ကျောင်းသူ လေး အဖြစ်ပညာရပ်တွေ သင်ယူ ဆည်းပူးနေသူလေးက အဆို တော်ဖိုးကာရဲ့ သမီးလေး ဖူးဖူးသစ်ပါ။ သူမကတော့ အသက် ၁၉ နှစ် အရွယ်ရှိ ပြီဖြစ်ပါတယ်။ ဆယ်ကျော် သက်လူငယ်အရွယ်ရဲ့ အလတ် ဆတ်ဆုံး၊ အတောက်ပ ဆုံး အချိန်လေးပေါ့။ လူငယ်တွေ ဆိုတာသိပ်ကိုတော်ကြတယ်။ အထူး သဖြင့် ဒီဘက်ခေတ်မှာပေါ့။ အရာရာ ပြောင်းလဲ နေပြီလေ။ ဖူးဖူးသစ် ကတော့ အနုပညာဘက်မှာဆိုရင် ‘Logo’ ဆိုတဲ့ တစ်ကိုယ်တော် စီးရီးထွက်ရှိထားသူ လည်းဖြစ်ပါတယ်။
”ကျောင်းက နောက်ဆုံးနှစ် ရောက်ရှိနေပြီဆိုတော့ အရင်နှစ်တွေ ကထက်ပိုပြီးတော့ အားစိုက်နေရ တယ်။ စာတွေကလည်း အလွန်များ တယ်။ ပြီးတော့ လုပ်ရတဲ့ Assignment တွေကလည်း တအားများ တယ်ဆိုတော့ အဲဒီဘက်ကိုပဲ ပိုပြီး တော့ အာရုံစိုက်ဖြစ်တယ်။ ပြီးတော့ တခြားသင်တန်းလေးတွေလည်း တက်နေရတော့လေ။ ပညာရေးဘက် ကိုပဲ ပိုပြီး တော့ အာရုံစိုက်ဖြစ်ပါ တယ်။ အနုပညာပိုင်း က တော့ကျောင်းပြီးတော့မှပဲ အာရုံစိုက်ပြီး လုပ်ဖြစ်ပါ မယ်”လို့ သူမရဲ့အခုလက်ရှိ လှုပ်ရှားမှုအကြောင်း ပြောပြပါတယ်။
ဖူးဖူးတို့လို လူငယ်တွေအတွက် အခု ချိန်မှာဘယ်အရာတွေက စိန်ခေါ်မှုတွေ ဖြစ်နေမလဲ ဆိုတဲ့အပေါ်ကိုလည်း မေးမြန်းတဲ့အခါ …
”ဖူးတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ် မှုတွေဆိုတာကတော့ အများကြီးပဲ ပေါ့နော်။ အထူးသဖြင့် ပညာရေး ဘက်မှာရော၊ အနုပညာဘက်မှာရောပေါ့။ ပညာရေးဘက်မှာဆိုရင် အင်္ဂ လိပ်စကားပြောတတ်မှ အရာရာအဆင်ပြေတယ်။ လူအထင် ကြီးတယ်ပေါ့လေ။ ညီမတို့ကျတော့ မြန်မာကျောင်းပဲ တက် လာတဲ့အခါမှာ အင်္ဂလိပ်ကျောင်းတက် တဲ့သူတွေနဲ့ မတူ ဘူးပေါ့နော်။ အဲဒီအခါကျတော့ သူတို့နဲ့ လိုက်မီအောင် အများကြီးကြိုးစားရတာပေါ့။ ပညာရေးဘက်မှာ ဒီလိုစိန်ခေါ်မှု တွေရှိတယ်။ အနုပညာ ဘက်မှာဆိုလို့ရှိရင်လည်း ဖူးဖူးဆိုလို့ ရှိရင် သီချင်းဆိုတယ်။ အသံနဲ့အလုပ် လုပ်ရတာ ဖြစ်တဲ့အတွက် တစ်ခုခုလွဲချော်သွားလို့ရှိရင် အဆင်မပြေဘူးလေ။ ဖူးဖူးက အသစ် ဆိုတော့ ကိုယ့်ထက်ဝါရင့်တဲ့ အနုပညာရှင်ကြီးတွေကြားထဲမှာ၊ ပရိ သတ်တွေကြားထဲမှာ လွဲချော်မှုတစ်ခုခုဖြစ်သွားမှာ အလွန်စိုးရိမ် တယ်။ အဲဒါစိန်ခေါ်မှုပဲ။ နောက်ဆိုရင်လည်း စိန်ခေါ်မှုတွေက ဒီ့ထက် ပိုလာဦးမယ်ထင်တယ်” လို့ ဖူးဖူးသစ်က ပြောပါတယ်။

Ref ပေါ်ပြူလာဂျာနယ်

Post a Comment

Previous Post Next Post