သူနားမလည်နိုင်တော့တဲ့အချိန်ရောက်ရင်
သင် ရှင်းပြခွင့်တောင် ရလိမ့်မယ် မထင်နဲ့ မိန်းမတွေရဲ့ နှလုံးသားက
ဖယောင်းချက်နဲ့ ပုံဖော်ထားတဲ့ ဖယောင်းရုပ်တစ်ခုလိုပါပဲ
နှူးညံခြင်းပြီးရင် မာကြောတတ်လာကြတယ်
ချစ်တယ်ပြောပြီး ပစ်ထားခံရတဲ့အချိန်များလာရင်
လွမ်းတယ်ပြောပြီး လျစ်လျူရှူထားတဲ့အချိန်များလာခဲ့ရင်
ခမ်းခြောက်သွားတဲ့ မျက်ရည်စတွေကြား သူမရင့်ကျက်သွားခဲ့ရင်
အရင်ကလို သင်ရဲ့ဂရုစိုက်မှုကိုလိုအပ်တော့မှာ မဟုတ်ဘူး
သင့်ရဲ့လျစ်လျူရှူမှုတွေကသူမရဲ့ ခံနိုင်ရည်စွမ်းကို
ရိုက်ချိုးခဲ့ပြီးလေသင်ရဲ့ပစ်ပယ်ထားမှုက သူမကို
အထိုက်အလျောက်နေသားကျစေသွားပြီးလေ
သင်မပေးခဲ့တဲ့ အချိန်တွေအတွက်ကျခဲ့တဲ့ မျက်ရည်တွေအစား
သူမရဲ့အချိန်တွေကိုသူမရဲ့ဘဝအတွက်
အရေးကြီးတယ်ထင်တဲ့ အလုပ်တွေကိုကြိုးပမ်းသွားတော့မှာပါ
သင်မမြင်နိုင်တဲ့ သူမရဲ့တန်ဖိုးကိုတစ်ခြားတစ်ယောက်က မြင်ပြီး
တန်ဖိုးထားခဲ့မယ်ဆိုရင်သင် မနာလိုမဖြစ်ပါနဲ့တော့
မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံးအချိန်ဟာ
သင်တို့ နားလည်နိုင်စွမ်းရဲ့နံရံတစ်ဖက် အစွန်းမှာပါ
Credit
Post a Comment