လေယာဉ်စီးပြီး ခရီးသွားတော့မယ်ဆိုရင် ခရီးဆောင်အိတ်အပြင် လေယာဉ်ပေါ်သို့ ကိုယ်နဲ့အပါ သယ်ဆောင်သွားသင့်တဲ့ မရှိမဖြစ် ပစ္စည်းတွေ ရှိပါတယ်။ လေယာဉ်ပေါ်မှာ ကိုယ့်အတွက် လိုအပ်လာနိုင်တဲ့ ပစ္စည်းတွေကတော့…
၁။ Notebook, ဘောပင်
- ဒါတွေဟာ အသုံးပြုဖို့ လိုအပ်လာနိုင်တဲ့အတွက် မဖြစ်မနေသယ်ဆောင်သွားပါ။ ဖြစ်နိုင်လျှင် စာအုပ် ဘောပင်ကို ဘယ်သွားသွား သယ်ဆောင်သွားတာ အကောင်းဆုံးပါပဲ။
၂။ အပေါ်ထပ်အင်္ကျီ၊ အနွေးထည်၊ Jacket
- လေယာဉ်ထဲက အပူချိန်က သင့်ကို သက်တောင့်သက်သာ မဖြစ်စေတာမျိုးဖြစ်နိုင်တဲ့အတွက် လိုရမယ်ရ အပေါ်ထပ် အင်္ကျီတစ်ထည်တော့ ဆောင်သွားပါ။
၃။ ကိုယ်ပိုင်မုန့်
- လေယာဉ်ပေါ်မှာ ကျွေးမည်မှန်သော်လည်း ကိုယ်စားချင်တဲ့ မုန့်၊ အသီးအနှံမျိုးလေးတွေကိုလည်း ဆောင်သွားပါ။ အချို့လေယာဉ်များကတော့ အသီးအနှံများသယ်ဆောင်ခြင်းကို ခွင့်မပြုတဲ့အတွက် သတိတော့ ထားပါ။
၎။ Moisturizer
- လေယာဉ်အတွင်းမှာ ရှိတဲ့ လေထုက သင့်အသားအရေကို ခြောက်သွေ့စေတာ အသေအချာပါပဲ။ ဒါကြောင့် မိမိ အသားအရေကို ရေဓါတ်ဖြည့်ပြီး ပြန်လည်ထိန်းသိမ်းရန် moisturizer တစ်မျိုးမျိုး ထည့်သွားဖို့လည်း မမေ့ပါနဲ့။
၅။ ဖတ်စရာစာအုပ်
- တစ်ချို့ခရီးစဉ်တွေဟာ အချိန်အကြာကြီး စီးရနိုင်တဲ့အတွက် ဖတ်ရှုစရာ စာအုပ်တစ်မျိုးမျိုးတော့ ယူသွားပါ။
၆။ အိတ်တစ်လုံး
- သင့်အတွက် မရှိမဖြစ် လိုအပ်မယ့် အခြားသော ပစ္စည်းများ၊ တိုလီမိုလီ ပစ္စည်းများကိုလည်း အိတ်ထဲထည့်ပြီး သယ်သွားပါ။ ပစ္စည်းအားလုံးကို luggage ထဲ ထည့်ထားမိလျှင် လေယာဉ်ပေါ်မှာ လိုအပ်လာတဲ့အခါ အခက်တွေ့နိုင်ပါတယ်။ ကျောပိုးအိတ် (သို့) လက်ကိုင်အိတ်တစ်လုံးထဲသို့ လိုရမယ်ရ ပစ္စည်းများ အကုန်ထည့်သယ်သွားပါ။
၇။ ဆေးဝါး
- တကယ်ကို မဖြစ်မနေ သယ်သွားရမှာပါ။ ကိုယ့်အတွက် လိုအပ်မယ်ထင်တဲ့ ဆေးဝါးများ၊ သောက်နေကြ ဆေးများ သယ်ဆောင်သွားပါ။
၈။ ကိုယ်ပိုင်ရေဘူး
- ရေဘူးအပြည့်ထည့်ပြီး သယ်မသွားချင်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ရေဘူးအလွတ်ကို ယူသွားပြီး လေဆိပ်တစ်နေရာရောက်မှ ဖြည့်ပြီး လေယာဉ်ပေါ် သယ်သွားပါ။
၉။ Earphone
- အချိန်အကြာကြီး သွားရမယ့်ခရီးမှာ ဒီတိုင်းကြီးပဲ စီးသွားရင်တော့ သိပ်ကိုပျင်းစရာကောင်းနေမှာပဲ။ ဒီတော့ နားကြပ်လေးတပ် ၊ မျက်လုံးမှိတ်၊ သီချင်းနားထောင်ပြီး ကမ္ဘာကြီးကို ခဏမေ့ပျောက်ထားလိုက်တာပေါ့။
ကဲ..ဒါတွေကတော့ လေယာဉ်နဲ့ ခရီးသွားမယ့် သူတွေ သယ်ဆောင်သွားသင့်တဲ့ ပစ္စည်းလေးတွေပါ။ အခြားပစ္စည်းလေးတွေများ ကျန်ခဲ့ရင်လည်း အားလုံးသိအောင် ဝေမျှပေးခဲ့ပါဦးနော်။
CHAN (ရွှေအင်းလေး)
Post a Comment