လူတွေရဲ့အမူအကျင့် အတော်များများက သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ လက်ချောင်းကပြောတဲ့ လူတွေရဲ့အမူအကျင့်ကတော့ အားလုံးနီးပါး မှန်ကန်တယ်ဆိုရင် ယုံမလား။ အရင်ဆုံး ပုံမှာပြထားတဲ့ A၊ B နှင့် C ထဲက ကိုက်ညီတာတစ်ခုကို ရွေးချယ်ပါ။
A အမျိုးအစား (လက်သန်းကြွယ်ရဲ့ ထိပ်ဆုံးအရစ်က လက်သန်းအရှည်နဲ့ညီတယ်)
- လျှို့ဝှက်တတ်သူဖြစ်တယ်။
 - စိတ်ဓာတ်ကြံ့ခိုင်ပြီး အမှီအခိုကင်းစွာ ရပ်တည်နိုင်တယ်။
 - သံယောဇဉ်ဖြစ်လွယ်တယ်။ စိတ်မြန်လက်မြန်ရှိတယ်။
 - မရိုးသားတဲ့သူတွေကို သည်းမခံနိုင်ဘူး။
 - သည်းခံစိတ်နည်းပြီး စိတ်တိုလွယ်တယ်။
 - ခံစားချက်ကို အလွယ်တကူ ဟန်ဆောင်ဖုံးကွယ်နိုင်တယ်။
 - ဖော်ရွေပြီး ကူညီတတ်တဲ့သဘာဝရှိတယ်။
 
B အမျိုးအစား (လက်သန်းထိပ်က လက်သန်းကြွယ်ရဲ့ ထိပ်ဆုံးအရစ်ထက်ရှည်တယ်)
- အလုပ်ကြိုးစားသူတွေဖြစ်ပြီး အလုပ်ထဲမှာ စိတ်ကိုနှစ်မြှပ်ထားကြတယ်။
 - ချစ်တတ်သူတွေဖြစ်ပြီး စိတ်ရင်းနဲ့ချစ်တတ်ပါတယ်။
 - အလုပ်ကို သတ်မှတ်ချိန်နဲ့ အချိန်မီအောင် လုပ်ဆောင်တတ်ကြတယ်။
 - တစ်ပါးသူကြောင့် မိမိကိုယ်မိမိ မထိခိုက်၊မနာကျင်အောင် နေထိုင်တတ်ပြီး တည်ငြိမ်အောင်သာကြိုးစားတယ်။
 - စိတ်မြန်လက်မြန်ရှိပေမဲ့ တစ်ချိန်တည်းမှာပဲ ခံစားချက်ကို ဖုံးကွယ်ဟန်ဆောင်နိုင်တယ်။
 
- သင့်ကို ထိခိုက်နာကျင်အောင် လုပ်သူတွေနဲ့ ဝေးဝေးနေတတ်တယ်။
 - လူတိုင်းကို သင်လေးစားတတ်တယ်။ လူတွေရဲ့အမြင်ကို လေးစားတယ်။
 - တစ်ကိုယ်ကောင်းဆန်တဲ့စိတ် အနည်းငယ်ရှိတယ်။ ဒါပေမဲ့ ကိုယ့်အမှားဖြစ်ရင် တောင်းပန်ဖို့ ဝန်မလေးတတ်ဘူး။
 - လျှို့ဝှက်ခြင်းနှင့်ပွင့်လင်းခြင်း မျှမျှတတရှိတယ်။
 - မိမိကိုယ်မိမိ ဆုံးဖြတ်ချက်ချနိုင်ပြီး ရိုးသားဖြောင့်မတ်တယ်။
 
ခမ်းမူး (ရွှေအင်းလေး)




Post a Comment