Top News

Gymဆော့သူများအတွက်ကြွက်သားလျင်မြန်စွာကြီးထွားစေဖို့ ဖြည့်စွက်အစာများ

ဝမ်းဗိုက်6Packsနဲ့ လက်မောင်း၊ ခြေထောက်စတဲ့ ကြီးမားတဲ့ကြွက်သား တည်ဆောင်နေတဲ့သူတွေအတွက် သင့်တော်မယ့်အားကစား လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ဖို့လိုသလို တစ်ဖက်မှာလည်း ကြွက်သားတည်ဆောက်မှုကို ပံ့ပိုးပေးနိုင်မယ့် အစားအစာများကိုလည်း စားသုံးဖို့ လိုပါတယ်နော်။ ဒါ့ကြောင့် ကြွက်သားကြီးထွားမှုကို ပံ့ပိုးပေးနိုင်မယ့် အစားအစာများကို ဖော်ပြပေးချင်ပါတယ်။



(၁) အမဲသား



ဇင့်ဓာတ်ပါဝင်တဲ့ အမဲသားကိုစားသုံးပေးမယ်ဆိုရင် ကြွက်သားများသန်မာဖို့အတွက် တကယ့်ကိုကောင်းမွန်တဲ့ ဖြည့်စွက်အစာပါပဲ။ အမဲသားကပရိုတိန်းဓာတ်ကြွယ်ဝတဲ့အပြင် ကျားဟော်မုန်းဓာတ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် ကြွက်သားများကြီးထွားဖို့အထောက်အကူပြုမှာပါ။



(၂) ကြက်ရင်အုံသား



ကြက်သားက ပရိုတိန်းနဲ့ အမီနိုအက်ဆစ်ပါဝင်တာကြောင့် အားကစားသမားများ နေ့စဉ်စားသုံးကြတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ Diet လုပ်ပြီး Gym ဆော့နေသူတွေအတွက်တော့ ကြက်ရင်အုံသားကို ကင်ပြီးစားသုံးတာက ကြွက်သားသန်မာဖို့အတွက် ပိုပြီးကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် Gym ဆော့နေသူတွေအနေနဲ့ ကြက်သားကို ဖြည့်စွက်အစာအဖြစ် နေ့စဉ်နေ့တိုင်း စားသုံးနိုင်ပါတယ်။



(၃) ပဲထောပတ်



အဆီများလို့ကြွက်သားထွားကျိုင်းဖို့ မဖြစ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ ပဲထောပတ်မှာပါဝင်တဲ့ အဆီက ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အဆီတစ်မျိုးပါ။ ပဲထောပတ်အဆီက ကြွက်သားအတွက် အားဖြည့်ဆေးလို့တောင် ပြောလို့ရပါတယ်။ ဒါ့ကြောင့် မနက်စာမှာ ပေါင်မုန့်စားတဲ့အခါ ပဲထောပတ်နဲ့တွဲဖက်စားသုံးပေးပါ။



(၄) ဆယ်လ်မွန်ငါး



Omega-3 fatty acid ပါဝင်တဲ့ ဆယ်လ်မွန်ငါးကတော့ ကြွက်သားသန်မာဖို့အတွက် ဟော်မုန်းဓာတ်များကို ထုတ်လွှတ်ပေးပါတယ်။ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အားကစားသမားများနေ့စဉ်စားသုံးနေတဲ့ အစားအစာတစ်မျိုးပါပဲ။ ကြက်သားမစားချင်ဘူးဆိုရင် ဆယ်လ်မွန်ငါးကို ညစာအဖြစ်စားသုံးပေးလို့ရပါတယ်။



(၅) ဟင်းနုနွယ်



Gym ဆော့တဲ့သူတွေ တော်တော်များများ ကြုံတွေ့ရတဲ့ပြဿနာကတော့ အမြဲတမ်းမဆော့ဖြစ်တော့ဘူးဆိုရင် ခန္ဓာကိုယ်ကတင်းတင်းရင်းရင်းမရှိတော့ဘဲ ကြွက်သားကလည်း လျော့တွဲကျလာပါတယ်။ ဒီလိုမဖြစ်ရလေအောင် ဟင်းနုနွယ်ကိုစားသုံးပေးသင့်ပါတယ်။ ဟင်းနုနွယ်က ကြွက်သားများအစဉ်အမြဲ သန်မာစေပြီး လျော့တွဲကျခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။



(၆) သကြားမုန်လာဥ



သကြားမုန်လာဥမှာပါဝင်တဲ့ ဓာတ်ပစ္စည်းများက ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားအတွင်းသွေးများ ပုံမှန်လည်ပတ်စေတာကြောင့် ကြွက်သားအလျင်အမြန်ကြီးထွားဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် သက်လုံအားကောင်းစေပြီး အမောအပန်းခံနိုင်တာကြောင့် Gym ဆော့သူများအတွက် ကောင်းမွန်တဲ့အစားအစာပါပဲနော်။

နန်း(ရွှေအင်းလေး)

Post a Comment

Previous Post Next Post