လက်ဖဝါး၊ ခြေဖဝါးမှာချွေးအလွန်အကျွံထွက်ခြင်းအတွက် အိမ်တွင်းကုထုံး


လက်ကချွေးတွေကြောင့် ချစ်သူနဲ့လက်တွဲဖို့ကိုတောင် ရှက်ရွံ့နေရပြီလား။ အချို့ကချွေးနံ့မထွက်ဘဲ ချွေးစိုရွှဲနေတာမျိုးလည်း ရှိပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ချွေးတွေအဲ့လောက်ထွက်တဲ့သူမဟုတ်ပေမယ့် ခြေဖဝါးနဲ့လက်ဖဝါးမှာ အမြဲတမ်းလိုလို ချွေးတွေစိုရွှဲနေတာကြောင့် ချွေးနံ့နံနေတတ်ပါတယ်။ ဒါကမျိုးရိုးလိုက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး အာဟာရဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာရပ်ပါ။ ဒါပေမယ့် ခြေ၊ လက်မှာချွေးအလွန်အကျွံထွက်တာကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးရှိပါတယ်နော်။

(၁) သံပရိုသီးဖြင့် ကုသနည်း

သံပရိုရည်က ချွေးနံ့နံခြင်းကို သက်သာစေမယ့် နည်းလမ်းကောင်းလေးပါပဲ။ ခြေဖဝါးနဲ့ လက်ဖဝါးမှာ ချွေးထွက်စေတဲ့ ချွေးပေါက်များကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းပါတယ်။ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံပရိုရည်နဲ့ရောစပ်ပြီး အနှစ်လေးဖြစ်အောင်ပြုလုပ်ပါ။ ရရှိလာတဲ့အနှစ်လေးကို ချွေးအရမ်းထွက်တဲ့နေရာတွေကို သုတ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်အခြောက်ခံပြီး ရေနဲ့ဆေးကြောသန့်စင်ပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်နေ့ကိုတစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ ထူးခြားမှုကိုတွေြ့မင်ရမှာပါနော်။

နောက်ထပ်တစ်နည်းကတော့ ရေထဲကို သံပရိုရည်လတ်လတ်ဆတ်ဆတ်ညှစ်ထည့်ပြီး ရေမချိုးခင်မှာ ခြေဖဝါး၊ လက်ဖဝါးနဲ့ တစ်ကိုယ်လုံးအနှံ့ကိုလိမ်းပေးပါ။ မိနစ်၂၀ခန့်ကြာတဲ့အခါမှာ ရေချိုးလိုက်ရုံပါပဲနော်။

(၂) ခရမ်းချဉ်သီးဖြင့် ကုသနည်း

ခရမ်းချဉ်သီးကလည်း ချွေးထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးတစ်ရပ်ပါပဲ။ ချွေးပေါက်ကြားထဲကအညစ်အကြေးများကို ဖယ်ရှားပေးပြီး ချွေးပေါက်ကျယ်ခြင်းကို ကုသပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ချွေးထွက်တဲ့နေရာမှာ ကပ်ထားပေးလိုက်ရုံပါပဲ။ အညစ်အကြေးများကိုလည်း စုပ်ယူပေးနိုင်တာကြောင့် ချွေးနံ့နံခြင်းကိုလည်း သက်သာစေပါတယ်။

ဒီလိုမဟုတ်ဘဲ ခရမ်းချဉ်သီးကိုအနှစ်ဖြစ်အောင်ကြိတ်ပြီး လက်နဲ့ခြေဖဝါးအနှံ့ပွတ်လိမ်းပေးလို့လည်း ရပါတယ်နော်။ ၁၅မိနစ်ခန့်ထားပြီး ရေနွေးနဲ့ဆေးကြောသန့်စင်လိုက်ရုံပါပဲ။ ဒီနည်းလမ်းအတိုင်း နေ့စဉ်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားမှုကို တွေ့မြင်ရမှာပါ။

နန်း(ရွှေအင်းလေး)

Post a Comment

Previous Post Next Post