Top News

အပြာရုပ်ရှင်ဇာတ်ကားကြည့်ရှုခြင်းက အမျိုးသားတို့ကို အချစ်ရေးမှာ စိတ်ကျေနပ်မှု လျှော့နည်းစေနိုင်


ညစ်ညမ်းအပြာရုပ်ရှင်ကားတွေကြည့်ခြင်းက အချစ်ရေးဆက်ဆံမှုမှာ လိင်မှုကိစ္စအရရော၊ အခြားကိစ္စတွေမှာပါ စိတ်ပျော်ရွှင်မှု လျှော့နည်းစေနိုင်ကြောင်း သုတေသနလေ့လာမှုအသစ်က ဖော်ပြထားပါတယ်။

ယင်းလေ့လာမှုအတွက် အမေရိကနိုင်ငံ Bloomington မြို့အင်ဒီယားနားတက္ကသိုလ်က Paul Wright နဲ့ လုပ်ဖော်ကိုက်ဖက်တွေက နိုင်ငံပေါင်း ၁၀ နိုင်ငံက စမ်းသပ်ခံသူ ၅၀,၀၀၀ ကျော်ပါဝင်တဲ့ လေ့လာမှု ၅၀ က လေ့လာတွေ့ရှိချက်တွေကို စိစစ်သုံးသပ်ခဲ့ကြပါတယ်။ အပြာဇာတ်ကားကြည့်ရှုမှုက အပြန်အလှန်စိတ်ကျေနပ်ရစေမှုလျှော့နည်းခြင်းနဲ့ ဆက်စပ်ကြောင်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

အင်တာနက်လိုင်းမြန်ဆန်လာမှုကြောင့် ၁၃နှစ်အရွယ်တွေတောင် တစ်ရက်တည်းအတွင်း ဇာတ်ကားပေါင်း တစ်ဒါဇင်လောက် ကြည့်ရှုနိုင်ကြပါတယ်။ ဒီသုတေသနလုပ်ရခြင်းရဲ့ရည်ရွယ်ချက်က အမျိုးသားတို့ရဲ့ လိင်မှုကိစ္စအပေါ် အပြာဇာတ်ကားရဲ့ အကျိုးသက်ရောက်မှုနှင့် အမျိုးသားနဲ့ အမျိုးသမီးများရဲ့ သိမြင်နားလည်မှု ဘယ်လိုပုံသွင်းထားကြောင်း  လေ့လာသိရှိဖို့ဖြစ်ကြောင်း ပါရဂူ Simon Lajeunesse က Daily Mail ကို ပြောပြခဲ့ပါတယ်။

Post a Comment

Previous Post Next Post