ကုတင်ပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံ တစ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ ကျော်ထက်အောင် နဲ့ တင်ဇာမော် 😱


မြန်မာအိုင်ဒေါ က Presenter တစ်ယောက် အဖြစ်လူသိများတဲ့ ကျော်ထက်အောင်ဟာ ဒိုင်တစ်ဦး ဖြစ်တဲ့ တင်ဇာမော် နဲ့ အတူ တွဲဖက်ပြီး သီချင်း MTV လေး တစ်ပုဒ် ရိုက်ကူးနေတာဖြစ်ပါတယ်….



ဒီ သီချင်း MTV ရဲ့ ဇာတ်ဝင်ခန်း အချို့ ဟာ ကုတင်ပေါ်မှာ ရိုက်ကူးခဲ့ရတာဖြစ်ပြီး ကျော်ထက်အောင်နဲ့ တင်ဇာမော် တို့ နှစ်ယောက်ဟာ အမှတ်တရအဖြစ် Selfie ဓာတ်ပုံလေးတစ်ပုံ ရိုက်ကူးခဲ့ပါသေးတယ်….



အဲ့ဒီဓာတ်ပုံက အင်တာနက်ပေါ်မှာ ပျံ့နှံ့လာတဲ့ အခါ MTV ရိုက်နေမှန်းမသိတဲ့ ပရိတ်သတ်အချို့က ဝေဖန်ခဲ့ကြပါတယ်….အမှန်တော့ တင်ဇာမော်ရဲ့ ” မထင်ခဲ့ဘူး” ဆိုတဲ့ သီချင်းအတွက် ကျော်ထက်အောင်နဲ့ MTV လေးရိုက်ကူးနေတာ ဖြစ်ပါတယ်



MTV ရိုက်ကွင်းမှာ တင်ဇာမော် က အရပ်နည်းနည်း ပု နေတာကြောင့် ကျော်ထက်အောင်က ခြေထောက်ကားပြီး ရိုက်ခဲ့ရတာကလည်း တကယ့်ကို ပျော်စရာ အမှတ်တရလေး တစ်ခုပါပဲ….



အဲ့ဒီ့သီချင်း MTV လေးထွက်လာတဲ့ အခါ ပရိတ်သတ်တွေက အားပေးလိုက်ပါအုံးနော်…..


Post a Comment

Previous Post Next Post